ရန်ကုန် ၁၁ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၃၀)ရပ်ကွက်၊ ရေစက်လမ်း၊ တူးမြောင်းအတွင်း ရေဆင်းကူရာမှ ရေနစ်နေကြောင်း ယနေ့ ညနေ ၅ နာရီ ၅ မိနစ်တွင် သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အသက်ကယ်လှေ(၁)စီးတို့ဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ရာ ညန ၆ နာရီ ၅ မိနစ် အချိန်တွင် သေဆုံးသူ ရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
MDN
ဓာတ်ပုံ- Myanmar Fire Service


