ညောင်ဦး ၁၁ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ၆ မိုင်ခန့်အကွာ မြင်းကပါကျေးရွာ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းတစ်ခန်းပေါ်သို့ ယနေ့ညနေ ၆ နာရီ ခွဲက သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ ပုဂံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
MDN
ဓာတ်ပုံ- Myanmar Fire Service


