နေပြည်တော်  ၁၁   သြဂုတ် 


၁၃ ကြိမ်မြောက် ကြက်ခြေနီညီလာခံ ကျင်းပနိုင်ရေးအတွက် ရွေးချယ်တင်မြှောက် ရေး စည်းမျဉ်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီး တိုင်း ၊ ခရိုင်အဆင့်တို့အတွက် ရှင်းလင်းပြောကြားသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Central Hotel ၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။


ထို့နောက် ရွေးချယ်တင်မြှောက်ရေး စည်းမျဉ်းနှင့် လုပ်ငန်းစဉ်များကို ရွေးချယ်တင် မြှောက်ရေးတာဝန်ခံ ပါမောက္ခဒေါ်လှရွှေက ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးခွန်းများကို ပြန်လည်ဖြေကြားသည်။


အဆိုပါ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာများကို သက်ဆိုင်ရာခရိုင်များက မြို့နယ် အသင်းခွဲများသို့ ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ကြောင်းသိရသည်။


ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဒေါ်နန်းထွမ်းလှ၊ အချိန်ပြည့် /အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် ဒုတိယညွန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်လှကြင်နှင့် ကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်(၄)ခရိုင်တို့မှ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။ 


(သတင်းစဉ်)