နေပြည်တော် ၁၂ သြဂုတ်


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာ နေရာတွင် ယနေ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ နံနက် ၇ နာရီ ၃၃ မိနစ်တွင် သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း သေဆုံးသူ (၅၄)ဦး ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


ထပ်မံ၍ နံနက် ၁၀ နာရီ ၅ မိနစ်တွင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း သေဆုံးသူ (၅၆)ဦးအထိ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ 


MDN