ကျွန်းလှ ၁၂ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၅)၊ ဦးပိုင် (၁၁)၊ တောင်သူဦးမင်းနိုင်၏ လယ်မြေ(၂)ဧကတွင် ယနေ့နံနက်ပိုင်းက မျိုးစေ့အဆင့်(R.S) ဧရာမင်းမိုးစပါးမျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးကြောင်း သိရသည်။
တောင်သူများ နှစ်စဉ်ဒေသတွင်းမျိုးစေ့များကိုသာ သမားရိုးကျစိုက်ပျိုးခြင်းကြောင့် တစ်ဧကအထွက်နှုန်း လျော့နည်းခြင်းဖြစ်ကြောင်း၊ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ လုံလောက်စွာရရှိရန် မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စံပြကွက်စနစ်တကျစိုက်ပျိုးရန် ဌာနဝန်ထမ်းများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးစပါးလျာထားဧက ၃၃၉၅၇ ဖြစ်သော်လည်း မိုးရွာသွန်းမှုနည်းပါးသဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးကြရာ ယခုအချိန်အထိ ၁၇၂၀ဝ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


