လှိုင်သာယာ ၁၂  သြဂုတ်


လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်း အမှတ် (၃၆၂)ရှိ  ဦးသန်းလွင် (၇၀) နှစ် ကျောင်းကြီးလမ်း ကြည့်မြင်တိုင်မြို့နယ် နေထိုင်သူပိုင်ဆိုင်သော "ထူးသစ်" အစာတောင့်စက်ရုံတွင် သြဂုတ် ၁၁ ည ၉ နာရီ မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်ရာသို့ ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် အစီး (၃၀)၊ အုပ်ချုပ်မှုယာဉ် (၄) စီး၊ ရေသယ်ယာဉ် (၆)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။


မီးလောင်မှုကြောင့် ပေ (၁၅၀) ပတ်လည် Steel Structure (၁)ထပ် အဆောက်အဦ၏ အမိုးနှင့် အစာတောင့်အိတ်များ မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။


မြို့နယ် (ပြန်/ဆက်)