ကျိုက်မရော ၁၂ သြဂုတ် 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုများနှင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအတွက် ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်းမှ ဆန်အိတ် တစ်တင်းခွဲအိတ် ၄၀ အိတ်၊ ၆ ပြည်အိတ် ၄၀ဝ၊ ခေါက်ဆွဲဖာ ၃၀ဝ၊ ကြက်သွန် ၅၀ သားအိတ် ၁၃၀ဝ၊ မုန့်မျိုးစုံ၊ ငါးခြောက်ဘူး ၄၀ဝ နှင့် ရေသန့်ဘူးကတ် ၄၀ဝ စုစုပေါင်းထောက်ပံ့ရေးပစ္စည်း (၇)မျိုးတို့ကို ရေဘေးသင့်ကျေးရွာများသို့ စက်လှေများဖြင့် ပြည်သူများ လက်ဝယ်အရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)

 

60136