ဂန့်ဂေါ  ၁၂ သြဂုတ်

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်းဒေသမှ ပြောင်းရွှေ့ကျေးရွာဖြစ်သည့် ရွှေမြစ်သာကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

 

17

 

အဆိုပါလုပ်ငန်းကို သြဂုတ် ၁၀ ရက်က စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေဖြင့် တူးဖော်ခြင်းဖြစ်၍ ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း ပါဝင်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ ဦးရဲမာန်မျိုးထံမှ သိရသည်။

စိန်ကျော်