မြောက်ဦး   ၁၂  သြဂုတ်

မိုးရာသီတွင် အဖြစ်များတတ်သည့် သွေးလွန်တုတ်ကွေးရောဂါ မကျရောက်စေရန်အတွက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၈ နာရီက မြောက်ဦးမြို့၊ ဗန္ဒုလရပ်ကွက်ရှိ ပြည်သူများနေအိမ်များသို့ သွားရောက်ကာ ဖုန်း၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ မာလာသီယွန်ဆေး ဖျန်းပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

233

 

အဆိုပါ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်မှုကို ငှက်ဖျား အင်စပက်တော် ဦးကျော်ဆန်းလင်း ဦးဆောင်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်ရှိ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပေါ်နေသော လူနာနေအိမ်များကို မာလာသီယွန်ဆေးဖျန်းပေးခြင်း၊ ရပ်ကွက်နေ ပြည်သူနေအိမ်များရှိ ဘုရားညောင်ရေ ပန်းအိုးများကို ဖုန်း၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

792

 

(ခရိုင် ပြန်/ဆက်)