မြောက်ဦး ၁၂ သြဂုတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ International youth day အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီက မြောက်ဦးဟိုတယ်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။ 

 

1

 

အဆိုပါ အခမ်းအနားကို မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) နှင့် RELIEF INTERNATIONAL (RI) အဖွဲ့တို့မှ ပူးပေါင်းကာ ကြီးမှူးကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က အဖွင့်အမှာစကား ပြောကြားပြီး မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) မှ တာဝန်ရှိသူများက အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

2...

 

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်နှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့ပေါ်အသင်းအဖွဲ့များမှ လူဦးရေ ၁၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

ခရိုင်(ပြန်/ဆက်)