ဘီးလင်း ၁၂ သြဂုတ်


ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၀၂၂)စင်တီမီတာဖြစ်ပြီး  စိုးရိမ်ရေအမှတ်မရောက်ခင် (၉၅၀)စင်တီမီတာ၌ ဘီးလင်းမြို့တွင် ကယ်ဆယ်ရေးစခန်း (၃)ခုထက်မနည်း နှစ်စဉ်ဖွင့်ရသည့် အခြေအနေကို ဆန်းစစ်အဖြေရှာရာ ရပ်ကွက်မဟုတ်သည့် မြေနိမ့်ပိုင်းတွင် နေထိုင်မှုများရှိနေခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရသည်ဟု ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးမှ သိရသည်။


ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှု ရေရှည်အစီစဉ်ဖြင့် မွန်ပြည်နယ်အစိုးရက အဆိုပါ ဘီးလင်းမြို့မြေနိမ့်တွင် နေထိုင်သူများကို ဘီးလင်းမြို့ ဘုရင့်နောင်ကွက်သစ်တွင် ပြောင်းရွှေ့နေရာချထားပေးရန် စီစဉ်လျှက်ရှိရာ ယနေ့တွင် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် ရေဘေးရှောင်ပြည်သူများအတွက် ပြောင်းရွှေ့နေရာချထားမည့်နေရာသို့ ကွင်းဆင်းကြည့်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အစီစဉ်ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် (၃)ရက်အတွင်း ဘီးလင်းမြို့သို့ (၂)ကြိမ်ရောက်ရှိခဲ့ပြီး ဘီးလင်းမြို့နယ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။


ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာ နေရာတွင်လည်း ယနေ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ညနေ ၄ နာရီ ၂၇ မိနစ်တွင်  သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းသေဆုံးသူ (၅၉)ဦး ရှာဖွေတွေ့ရှိထားကြောင်း၊  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


MDN
Photo-ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

 

e 679484


ဘီးလင်းမြို့ မြစ်ရေ ၉၁၅ စင်တင်မီတာ တွင် ရေမြုပ်နေသည့် နေအိမ်များပြ Drone ဓာတ်ပုံ