၁၂ သြဂုတ်


ဘာမှကို မလုပ်နိုင်ဘူး၊ ခေါင်းတွေတောင်ကိုက်နေပြီ။ ဖျားနေလို့လားဆိုတော့ မဟုတ်ဘူး။ အကြောင်းကတော့ လည်ချောင်းနာနေတာပါ။ လည်ချောင်းနာတာက ခံရခက်တဲ့ ဝေဒနာတစ်ခုပေါ့။ တစ်နေ့တာလုံး အလုပ်တွေ ကျောင်းစာတွေကို ကောင်းကောင်းအာရုံမစိုက်နိုင်တော့အောင်ကို လုပ်နိုင်တာပါ။ ဒီတော့ လည်ချောင်းနာတဲ့အခါ စိတ်ထဲမှာ တွေးမိမှာတစ်ခုက မြန်မြန်သက်သာချင်လိုက်တာဆိုတဲ့အချက်ပါ။ ဘာပဲစားစား မျိုချရခက်တယ် မြန်မြန်လည်းပျောက်ချင်ပါရဲ့ ဒါပေမယ့်  ဆေးသောက်ရမှာကြောက်တယ်၊ လည်ချောင်းနာတာလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းလေးတစ်ခုပြောပြမယ်လေ။


လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်း


လူတော်တော်များများယူဆထားတာက လည်ချောင်းနာတာကို ဖြစ်စေတာက အေးတာတွေစားလို့၊ အရမ်းအေးနေတဲ့ ရေ၊ အချိုရည်တွေကိုသောက်လို့ စတဲ့အကြောင်းအရာတွေကြောင့်လို့ ထင်ကြပါတယ်။ တကယ်တော့ လည်ချောင်းနာစေတာက အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ အခုလို မိုးရာသီမှာဆိုရင် ပိုအဖြစ်များပါတယ်။


လည်ချောင်းနာနေပြီ။ ဘယ်လိုသက်သာအောင်လုပ်မလဲ။


လည်ချောင်းနာနေပြီဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်။


ပြည့်ပြည့်ဝဝအနားယူပါ


ရေများများသောက်ပါ


အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးပါ


ရေနွေးငွေ့ရှုပေးပါ


ရေနွေးနဲ့ပျားရည်လေးသောက်ပေးပါ


ဆားရည် အာလုပ်ကျင်းပေးပါ


ငုံဆေးငုံပေးပါ။


လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခု


ဆေးကြောက်သူတွေအတွက် လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုကတော့ ငုံဆေးငုံတာပေါ့။ ငုံဆေးတွေက ဆေးလို့ ခံစားရမှုကိုနည်းစေနိုင်တာကြောင့်လည်း ဆေးကြောက်သူတွေနဲ့ အသင့်တော်ဆုံးကုထုံးတစ်ရပ်ပေါ့။ အလုပ်လည်းမပျက်ဘဲ ပါးစပ်ထဲမှာ ငုံထားလိုက်ရင်ကို အဆင်ပြေနေမှာပါ။


ငုံဆေးကလည်ချောင်းနာသက်သာစေဖို့သက်သက်ပဲလား။


မဟုတ်ပါဘူး။ ငုံဆေးဆိုတာက လည်ချောင်းနာသက်သာစေဖို့အပြင် ခံတွင်းအနံ့ဆိုးကင်းပြီး ချောင်းဆိုးတာကိုပါ သက်သာစေနိုင်ပါတယ်။ ငုံဆေးလေး ငုံထားရုံနဲ့ ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်ဆိုတော့ ခံတွင်းနံ့ဆိုးမှာစိုးတဲ့သူတွေ၊ လူကြားထဲမှာ ချောင်းဆိုးမှာစိုးနေတဲ့သူတွေ၊ ချွဲထနေတာကြောင့် လည်ချောင်းထဲမှာ ယားယံနေတာတွေကို သက်သာစေနိုင်တာကြောင့် ချောင်းဆိုးချင်တာကို အောင့်ထားရတဲ့ ပြဿနာလည်းကင်းဝေးသွားမှာပါ။


လည်ချောင်းနာတာကို သက်သာစေဖို့ငုံဆေးကောင်းတစ်ရပ်ရဲ့လက္ခဏာတွေက ဘာတွေများလဲ။


လည်ချောင်းနာတာကို သက်သာစေဖို့ ငုံဆေးတိုင်းကို ငုံလို့မဖြစ်ပါဘူး။ လည်ချောင်းနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အရာတွေပါတဲ့ ငုံဆေးတွေက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒီတော့လည်ချောင်းနာတာကို သက်သာစေဖို့ ငုံဆေးရှာနေတယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။


လည်ချောင်းနာတာကို တကယ်သက်သာစေတာလား


ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်လား


ပါဝင်ပစ္စည်းတွေကရောဘေးကင်းရဲ့လား ဆိုတာတွေကိုသေချာကြည့်ရပါမယ်။ ဒီအချက် ၃ ချက်ထဲမှာမှပါဝင်ပစ္စည်းတွေကို သေချာကြည့်ရင်ကို အဆင်ပြေနေပါပြီ။


ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးမယ့်ပါဝင်ပစ္စည်းတွေဆိုတာက။


အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ။ လည်ချောင်းနာရတာက ဗိုင်းရပ်စ်ကြောင့်ဆိုတာကိုပါ။ ဒီတော့ လည်ချောင်းနာတဲ့ ဘက်တီးရီးယားတွေကို နှိမ်နှင်းပေးမယ့် ပါဝင်ပစ္စည်းတွေကို သိရင်ကို ဆေးဝယ်ဖို့က အဆင်ပြေပါပြီ။ ဒီတော့ လည်ချောင်းနာသက်သာစေဖို့ ဒါလေးတွေသတိထားပေးပါ။


ပရုပ်အေး – ပူရှိန်းရှိန်းခံစားမှုနဲ့အတူ လည်ချောင်းထဲက တစ်ရှုးတွေကို ထုံသွားစေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးကင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။


ယူကလစ်ဆီ –  အသက်ရှုလမ်းကြောင်းနဲ့လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝပစ္စည်းတစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓာတ်မတည့်မှုပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေပြီး ရောဂါပိုးတွေ ကူးစက်ခံရမှုကလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။


ပျားရည် – ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လည်ချောင်းနာကိုတင် သက်သာစေမှာမဟုတ်ဘဲ ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ ၁ နှစ်အောက် ဘေဘီလေးတွေနဲ့တော့ မသင့်တော်ပါဘူး။


သံပုရာသီး – ဗီတာမင် စီ (ဗီတာမင် C) ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓာကိုယ်ကို ရန်လာစတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။


သံပရိုသီး – အချဉ်ဓာတ်ပါတာကြောင့် ဗီတာမင် စီ (ဗီတာမင် C) ကြွယ်ဝတယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ခံတွင်းရှင်းစေပြီး အသက်ရှုစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။


ဒီတော့ဆေးသောက်ရမှာကြောက်တယ်လည်ချောင်းနာတာလည်း သက်သာချင်တယ်ဆိုတဲ့ သူတွေအနေနဲ့ အခုပြောခဲ့တဲ့ ပါဝင်ပစ္စည်လေးတွေပါတာမျိုးတွေ ရွေးချယ်ဖို့လိုမှာပါ။ ဒီပစ္စည်းတွေကို စုံစုံလင်လင်ပါဖိုပလွယ့်ပါမလားဆိုတော့ အားလုံးပါရမယ်တော့ မဟုတ်ဘူးပေါ့။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးမယ့် ဇာတ်လိုက် ၂ မျိုးလောက်ပါရင်ကို အဆင်ပြေနေပြီလေ။ ဒီတော့ အဝင်မဆိုးဘဲ သကြားလုံးလေးလို ငုံထားရုံနဲ့ လည်ချောင်းနာသက်သာစေဖို့ဆိုရင် Hudson’s အမှတ်တံဆိပ် ငုံဆေးရှိပါတယ်။ အရသာကလည်း သံပုရာအရသာ၊ သံပရိုအရသာ၊ ပျားသံပုရာအရသာဆိုပြီးရှိတာကြောင့် ကိုယ်ကြိုက်တဲ့အရသာကို ရွေးလို့ရပါတယ်။ သကြားလုံးမငုံချင်ဘူးဆိုရင်လည်း ဝါးစားလို့ရတဲ့ လည်ချောင်းနာသက်သာစေတဲ့ ဂျယ်လီရှိနေပါသေးတယ်။ ဆေးတိုက်ရခက်တဲ့ သားသားမီးမီးလေးတွေအတွက်လည်း အဆင်ပြေစေမှာပါ။


ကဲ…ရာသီဥတုအခြေအနေနဲ့ ပတ်ဝန်းကျင်ကညစ်ညမ်းတဲ့အရာတွေနဲ့ရောပါလာတဲ့ ဘက်တီးရီးယားတွေကြောင့် လည်ချောင်းနာနေပြီဆိုရင် အကြာကြီးမခံစားနဲ့တော့နော်။ မြန်မြန်သက်သာစေမယ့် နည်းလမ်းကောင်းလေးကို ရွေးချယ်လိုက်ပါ။


ရေးသားသူ - Aye Thi Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”