နေပြည်တော်  ၁၂   ဩဂုတ်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၁၉ ခုနှစ် သီးခြားရာထူးတိုး /ပြောင်း ဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ဆွေးနွေးသည့် Performance သည်  သီးခြားတက္ကသိုလ်(၁၆) ခု တို့အတွက် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊ အာဆီယံတွင် တက္ကသိုလ် များက World Ranking အတွက် ပြိုင်ဆိုင်မှုပို၍ ပြင်းထန်လာသည်ကို တွေ့ရသဖြင့် Autonomous University ဦးတည်ရေးအားပေးရန် အရေးကြီးပါကြောင်း၊ Autonomous University အတွက် ဦးတည်ထားပြီးအားကောင်းရန် လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် အရည်အချင်းရှိသည့် ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်ရေး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Performance သည် Research အဓိကဖြစ်သည့် အတွက် သုတေသနများပြုလုပ်ရာတွင် ဘာသာရပ်၊ ဒေသ၊ နိုင်ငံကို အကျိုးပြုစေမည့် အသုံးချသုတေသနစာတမ်းများကို publication ပါပြုလုပ်ပြီးစာသင် ခန်းထဲတွင် ကျောင်းသားကျောင်းသူများအားမိမိရရှိလာသည့် အတွေ့အကြုံများကို ပြန်လည် သင်ကြားသင်ယူလေ့ကျင့်ကြီးကြပ်ပေးရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ် (၁၆)ခုကို နိုင်ငံတော်၏ ဂုဏ်ဆောင်တက္ကသိုလ်များဖြစ်ရန် အားပေးခြင်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်သူများသည် သုတေသန စွမ်းဆောင်ရည်မြင့်မားသည့် အရည်အချင်းများရှိရန် အရေးပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း (National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁) ကိုရေးဆွဲပြီး ဆောင်ရွက်ခဲ့ရာ ၄ နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်သည့် အဆင့်မြင့် ပညာရေးဖြစ်လာစေရန် ပညာရေးပြုပြင်ပြောင်းလဲရာတွင် အခြေခံမှစ၍ အဓိကထား ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အခြေခံပညာပြုပြင်ပြောင်းလဲမှု ပြီးစီးမည်ဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်သည့် အဆင့်မြင့်ပညာရေးဖြစ်လာစေရန်၊ တက္ကသိုလ်၏ အရည်အသွေးမြင့်မားရန် Performance သည် အရေးကြီးပါကြောင်း၊ ၃နှစ်အတွင်း တက္ကသိုလ်အဆင့်မြင့်လာခြင်းသည် ပါမောက္ခချုပ်နှင့်ဆရာဆရာမ အားလုံးတို့၏ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ယခုအစည်း အဝေးသည် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များအတွက် ဝန်ထမ်းရေးရာ မူဝါဒများသည် တစ်ဦးတစ်ယောက်ကို အခြေပြု၍စဉ်းစားချမှတ်ထားခြင်းမဟုတ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် လျာထားသည့်မူဝါဒများကို အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဝိုင်းဝန်းပူးပေါင်းပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ ယခုဆောင်ရွက် သည့်မှုဝါဒများသည် နောင်တွင်ဖြစ်လာမည့် တက္ကသိုလ်များ၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းက ၂၀၁၉ ခုနှစ် သီးခြားရာထူးတိုး/ပြောင်းရေးဆွဲရေးမူသည် အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် (၄)ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ပုဂ္ဂလိက အမြင်ဖြင့် မူဝါဒများကို မရေးဆွဲဘဲ system တစ်ခုလုံးကို ကိုယ်စားပြုပြီးရေးဆွဲကြရန်နှင့် အထက်မြန်မာပြည်(၈)ကျောင်းနှင့် အောက်မြန်မာပြည်(၈)ကျောင်းအတွက် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့်မူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ၂၀၁၉ ခုနှစ် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)