ပဲခူး  ၁၂   သြဂုတ် 


ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ သမိုင်းဝင်ဆုတောင်းပြည့် ဒေးစွန်ပါစေတီတော်မြတ်ကြီးအနီးရှိ မာန်လျှော့တောင်ပြိုကျနေမှု အစိတ်အပိုင်းအား ဆက်လက်ပြိုကျမှုမဖြစ်စေရေးအတွက် သြဂုတ် ၁၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က တပ်မတော်သားများက တုတ်တန်းရိုက်ခြင်းများ လာရောက်ကူညီလုပ်ဆောင်ပေးကြကြောင်း သိရသည်။


အဆိုပါ မာန်လျှော့တောင်သည် ပဲခူးမြို့နယ် ဘုရားကြီးမြို့ ဝမ်းဘဲအင်းကျေးရွာအနီး ဒေးစွန်ပါ စေတီတော်မြတ်ကြီးတည်ရှိရာ တောင်တန်းတွင်တည်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သြဂုတ် ၁၁ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က မြေသားများပြိုကျခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပြိုကျနေသည့် တောင်အစိတ်အပိုင်း ဆက်လက်ပြိုကျမှု မဖြစ်ပေါ်စေရန်အတွက် ဂေါပကအဖွဲ့များနှင့်အတူ ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးရှိ တပ်ရင်းများမှ  အရာရှိစစ်သည်များက ဝါးတုတ်တန်းရိုက်ခြင်းများဖြင့် ကုသိုလ်ယူလာရောက် လုပ်ဆောင်ပေးကြခြင်းဖြစ်သည်။


ဟိန်းထက်(ပဲခူး)

 

125