အစ္စလာမ္မာဘတ် ၁၃ ဩဂုတ်
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းမှစ၍ ပါကစ္စတန်နိုင်ငံတွင် ကျရောက်ခဲ့သည့် မုတ်သုံရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့်ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ကာ ၁၃၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန် အမျိုးသား ယခုနှစ် မုတ်သုံရာသီအတွင်း မိုးသည်းထန်မှုကြောင့် ပါကစ္စတန်နိုင်ငံတွင် လူ ၁၆၀ ကျော် သေဆုံးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနအကြီးအကဲ ဆာတွစ်မွန်တက်ဇ်က ဩဂုတ် ၁၁ ရက်တွင် ပြောကြား သည်။
လတ်တလောကာလတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ပါကစ္စတန်နိုင်ငံ တစ်ဝန်းတွင်လမ်းပေါင်း ၃၄ လမ်း၊ တံတား ၁၄ စင်း၊ ဆိုင်ခန်းများနှင့် လူနေအိမ်ခြေ ၄၀ဝ နီးပါးပျက်စီးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခိုင်ဘာပက်ထနွန်ခါပြည်နယ်တွင်လူပေါင်း ၅၆ ဦး၊ ပါကစ္စတန်က ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ၌ ၃၅ ဦးနှင့် နိုင်ငံတောင်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် လူ ၂၇ ဦးတို့ ရေဘေးကြောင့် သေဆုံးခဲ့ရသည်။
လွန်ခဲ့သည့် နှစ်ရက်က ပါကစ္စတန် နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်ကရာချိမြို့တွင် လူ ၁၁ ဦး သေဆုံးခဲ့ပြီး ယင်းရေဘေးကြောင့် ကရာချိမြို့တွင်း၌ ဒေသခံများ၏ နေ့စဉ်ဘဝနေထိုင်မှုနှင့် လမ်းပန်းဆက်သွယ်မှုများ ထိခိုက်မှုရှိနေကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။ ကရာချိမြို့၏ လူနေဒေသ ၃၅ ရာ ခိုင်နှုန်းကျော်မှာ ရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ခံစားနေရသည်
ဆင်းပြည်နယ် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဌာနက ဩဂုတ် ၁၀ ရက်တွင် ကရာချိမြို့၌ ရေဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပြီး ယင်းမြို့တွင် မိုးရွာသွန်းမှုအခြေအနေသည် ဩဂုတ် ၁၂ ရက်တွင် လျော့နည်းသွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် နှစ်စဉ် ဇွန်လမှစက်တင်ဘာလအထိသည် မိုးရာသီဖြစ်ပြီး မုတ်သုံလေသက်ရောက်မှုကြောင့် မိုးရေချိန်ပမာဏ သိသိသာသာများပြားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဇော်ဝင်း


