ပေါင် ၁၃ သြဂုတ်
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာ နေရာတွင် ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် သေဆုံးသူ(၁)ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း သေဆုံးသူ ၆၀ ဦး ရှာဖွေတွေ့ရှိခဲ့ပါသည်။
ယင်းနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် သေဆုံးသူ (၁) ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းသေဆုံးသူ (၆၁)ဦး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
MDN


