မေတ္တာ ၁၃ သြဂုတ်  


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)၌ ယနေ့နံနက်ပိုင်းက အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား မျက်စိအားဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် မေတ္တာမြို့၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဆရာမ ဒေါ်မြတ်သူမိုးက မေတ္တာမြို့၊ အမှတ်(၁)၊(၂)၊ ရပ်ကွက်ပေါ်ရှိ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား ကိုယ်အလေးချိန်ပေါင်ချိန်ခြင်း၊ မျက်စိအားဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ရန်နောင်စိုး(ပြန်/ဆက်)