နေပြည်တော် ၁၃ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၂/၁)အနီး စကားအင်းတိုးဂိတ်၌ ဩဂုတ် ၁၂ ရက် နံနက် ၄ နာရီ ၁၀ မိနစ်တွင် ခရီးသည်တင် မှန်လုံယာဉ်မှ ဝင်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
နေပြည်တော်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝဇီရာရပ်ကွက်နေ မောင်မောင်စိုး (၅၉)နှစ် မောင်းနှင်ပြီး ခရီးသည် ၄၀ ဦးတို့ လိုက်ပါလာသော YGN-3G/×××× ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ဝဲဘက်ခြမ်းရှိ ရေသုတ်ဝိုက်ဘာတံခါး အဖုံးပွင့်ကာ တိုးဂိတ်ငွေကောက်ခံသည့် မှန်လုံကောင်တာအား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ မှန်လုံကောင်တာမှာ (တန်ဖိုး ကျပ် ၁၃ သိန်းခန့်) ပျက်စီးဆုံးရှုံးခဲ့ပြီး မောင်မောင်စိုးအား စကားအင်းအမြန်လမ်းမကြီးရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MDN