လားရှိုး ၁၃ သြဂုတ်
ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် လားရှိုးမြို့ ရပ်ကွက်(၈) ပြည်ထောင်စုလမ်းမကြီး၊ ဝိပဿနာ ဓမ္မရိပ်သာအဝင်လမ်းထိပ်တွင် MDY.2L----- အဖြူရောင် အမျိုးအစားကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းကိုကျော်၍ ဓာတ်တိုင်အား ဝင်တိုက်မိရာ ဘက်ထရီပေါ်သို့ ဓာတ်ဆီကျခဲ့မှုမှ မီးလောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်နေမှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ လူနာတင်ယာဉ် တစ်စီးတို့ဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ငြှိမ်းသတ်ခဲ့ပြီး ကားအတွင်း ပိတ်မိနေသူအား ဆွဲထုတ်ကာ လားရှိုးပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်တွင် ကားအင်ဂျင်ခန်းနှင့် ယာဉ်မောင်းခန်း အနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


