ထန်တလန်   ၁၃   သြဂုတ်

စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဆေးဆိုင်များတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

7783

 

ထိုသို့ စစ်ဆေးရာတွင် ဆိုးဆေးပါ အစားအသောက်များနှင့် သက်တမ်းကုန်ဆုံးပြီးဖြစ်၍ စားသုံးရန်မသင့်သော  ခေါက်ဆွဲများ၊ ရှူးရှဲထုပ်များ၊ သရက်ချဉ်များ၊ မျှစ်ချဉ်များ၊ မုန့်ထုပ်များနှင့် အချိုရည်များကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြသည်။

 

7807

 

ကွင်းဆင်းစစ်ဆေးရာ၌ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာဦးယောဆက်ဦးနှင့် ပူးပေါင်းအဖွဲ့များက အရောင်းဆိုင် (၁၇)ဆိုင်အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချမှုမရှိရေး၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ယောန(ပြန်/ဆက်)