ကြံခင်း ၁၃ ဩဂုတ်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ချင်းမြောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကြံခင်းမြို့မစခန်းမှူး ဒုရဲမှူးဉီးခင်ဇော်ဉီးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်ရေးတွင် ကာကွယ်ရမည့် နည်းလမ်းများ၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။
အခမ်းအနားသို့ ချင်းမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဉီးအေးမင်းနှင့် ကျေးရွာပြည်သူ (၇၀)ကျော်ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွင် လိုက်နာရမည့် အချက်များနှင့် သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားရေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
ပို့ပို့ ( ပြန်/ဆက် )


