နေပြည်တော် ၁၃ ဩဂုတ်
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာနေရာမှ ယနေ့တွင် သေဆုံးသူရုပ်အလောင်း ၆ လောင်း ထပ်မံရှာဖွေတွေ့သဖြင့် စုစုပေါင်း သေဆုံးသူ (၆၅)ဦးအထိ ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် တစ်လောင်း၊ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် တစ်လောင်း၊ နံနက် ၁၁ နာရီတွင် တစ်လောင်း၊ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် တစ်လောင်း၊ ညနေ ၄ နာရီတွင် တစ်လောင်းနှင့် ညနေ ၅ နာရီတွင် တစ်လောင်း စုစုပေါင်း ၆ လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
MDN


