ဗန်းမောက် ၁၃ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် သြဂုတ် ၁၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော လျှပ်စစ်ဓာတ်တိုင်များကို အစားထိုး ပြုပြင်လျက်ရှိကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဗန်းမောက်-အင်းတော်သွား ကားလမ်း မိုင်တိုင် KM-41 နေရာ အနီးရှိ လျှပ်စစ်ဓာတ်တိုင်များ ကျိုးကျပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဗန်းမောက်မြို့ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းမှ စတင်ကာ ဓာတ်တိုင်များ အစားထိုးစိုက်ထူပြီး လျှပ်စစ်မီး ပြန်လည်ရရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


