မြဝတီ ၁၃ သြဂုတ်

မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်သင့် ပြည်သူများအတွက် ထိုင်းနိုင်ငံမှ ထိုင်းဘတ်ငွေ သိန်း ၃၀ ခန့် တန်ဖိုးရှိ ဆန်၊ ရေသန့်၊ ခေါက်ဆွဲနှင့် လူသုံးကုန်ပစ္စည်းများအား ယနေ့ ညနေ ၃ နာရီခွဲက မြန်မာ-ထိုင်း အမှတ် ၁ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

96

 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့်တပ်မတော်၊ အမှတ် (၃) တိုင်းလက်အောက်ခံမှ နရေးစွန် တပ်မမှူး ဗိုလ်ချုပ် အဖိချေ့ စူဆာ့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး နေမျိုးဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

24

 

ယင်းနောက် ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့်တပ်မတော်၊ အမှတ် (၃)တိုင်း လက်အောက်ခံမှ နရေးစွန် တပ်မမှူး ဦးဆောင်သော အဖွဲ့များက ထိုင်းနိုင်ငံမှ ပြည်သူများ၊ မဲဆောက်ဌာနဆိုင်ရာများ၊ မဲဆောက်စည်ပင်၊ မယ်ဆောက် လုပ်ငန်းရှင်များမှ လှူဒါန်းသော ရေနှင့်ရိက္ခာခြောက်များအား ပေးအပ်လှူဒါန်းရာ အမှတ်(၁၃) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး နေမျိုးဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့်အဖွဲ့ဝင်များ၊ မြဝတီနယ်စပ်ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထိန်လင်းအောင်(ပြန်/ဆက်)