ရန်ကုန်  ၁၃ သြဂုတ်

ပထမအကြိမ် အခြေခံသေနတ်ပစ် အားကစားသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက တောင်ကြီးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

4262

 

အခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာဒါ်မူမူမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ သင်တန်းကို သေနတ်ပစ် အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကာ တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၅၀ ဦး တက်ရောက်ခဲ့ပြီး သြဂုတ် ၁၉ ရက်အထိ ပစ်ခတ်စဉ် အမျိုးအစားဖြစ်သည့် လေပစ္စတို၊ လေရိုင်ဖယ် ပစ်ခတ်ခြင်းများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းကို မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အားကစားနှင့် ကာပညာဦးစီးဌာနနှင့် တောင်ကြီး တက္ကသိုလ် သေနတ်ပစ်နှင့် မြားပစ်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အေကေလင်း