မော်စကို ၁၄ ဩဂုတ် 

ရုရှားလေတပ်မှ တီယူ-၉၅ အမျိုးအစားမဟာဗျူဟာ ဗုံးကြဲလေယာဉ်နှစ်စင်းသည် ဘာရင့်၊ နော်ဝေနှင့် မြောက်ပင်လယ်တို့တွင် ကင်းလှည့်ပျံသန်းသည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်တွင် ပြောကြားသည်။

ယင်းမဟာဗျူဟာ      ဗုံးကြဲလေယာဉ်နှစ်စင်း၏    ပျံသန်းချိန်မှာ ကိုးနာရီကျော်ကြာမြင့်ခဲ့ပြီး ယင်းလေယာဉ်များ ပျံသန်းမှုကို နော်ဝေ လေတပ်မှ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်များက စောင့်ကြည့်ပျံသန်း ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ  ထုတ်ပြန်သည့် သတင်း၌ ဖော်ပြသည်။

ရုရှားလေတပ်မှ  တာဝေးပျံသန်းသည့်   ဗုံးကြဲလေယာဉ်များသည်အာတိတ်၊ အတ္တလ္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာများရှိ ကင်းလွတ်ရေပြင်များ အပေါ်တွင်   ပျံသန်းမှု  ပုံမှန်ပြုလုပ်မှုများရှိပြီး    ပင်လယ်နက်နှင့်ဘောလ်တစ်ပင်လယ်များပေါ်တွင်လည်း ပျံသန်းမှုများပြုလုပ်ကြောင်း၊  ယင်းသို့  ပျံသန်းရာတွင်  အပြည်ပြည်ဆိုင်ရာ   စည်းမျဉ်းများနှင့်အညီပျံသန်းခြင်းဖြစ်ပြီး အခြားနိုင်ငံများ၏ နယ်နိမိတ်များနှင့် လေကြောင်း ပိုင်နက်များကို ကျူးကျော်ပျံသန်းမှုများ မရှိကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

ကိုးကား- ဆင်ဟွာ ဘာသာပြန်-ဇော်ဝင်