ဆော ၁၄ သြဂုတ်
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ ရှမ်းခေါက်ဆွဲ ချက်နည်းသင်တန်းကို သြဂုတ် ၁၃ ရက်တွင် ယောမင်း ကြီး ဦးဘိုးလှိုင်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
“မိမိတို့ မိသားစုဝင်များ၊ မိတ်ဆွေ အပေါင်းအသင်းများအတွက် ကိုယ်တိုင်ပြုလုပ်ကျွေးမွေးလိုသူများ၊ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချလိုသူများအတွက် ရည်ရွယ်ပြီး ယခုလတွင် ရှမ်းခေါက်ဆွဲ ချက်နည်း သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်”ဟု မြို့နယ်အမျိုးသမီးရေးရာဉက္ကဌ ဒေါ်လှလှခက် က ပြောသည်။
အဆိုပါသင်တန်းတွင် နည်းပြဒေါ်မေရီထွန်းက ချက်နည်း၊ ပြုတ်နည်းအပြင် ကုန်ကြမ်းရွေးချယ် ဝယ်ယူခြင်းနှင့် ကုန်ကျစရိတ် တွက်ချက်နည်းတို့ကိုပါ သင်ကြားပေးလျက်ရှိပြီး သင်တန်းသို့ အမျိုးသမီးရေးရာအဖွဲ့ဝင် သင်တန်းသူ ၂၅ ဦး တက်ရောက်ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


