ခန္တီး ၁၄ သြဂုတ်
လူငယ်များ အားကစားစိတ်ဓာတ် မြင့်မားလာစေရေး၊ မူးယစ်ကင်းစင်၍ ကျန်းမာသန်စွမ်းသော နိုင်ငံသားများပေါ်ထွန်းလာစေရန်၊ လူထုလုပ်ရှားမှုအသွင်ဆောင်ခြင်းမှသည် မိမိကိုယ်ကို ယုံကြည်မှု ရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) မှ ကြီးမှူးလျက် ကျင်းပမည့် မိုးရာသီဖိတ်ခေါ် အားကစားပြိုင်ပွဲများကို သြဂုတ် ၁၅ ရက် နံနက် ၈ နာရီတွင် နာဂရိုးရာ ယဉ်ကျေးမှုကွင်း၊ ဇီးဖြူကုန်းရပ်ကွက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးအောင်ထွဋ်ထံမှ သိရသည်။
ကျား၊ မ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်းဝင်ကြေး ကျပ်တစ်သောင်းခွဲ၊ ကျားဘောလီဘောပြိုင်ပွဲတွင် ကျပ်တစ်သောင်းခွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျပ်တစ်သောင်းပေးသွင်းကာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမ၊ ဒုတိယဆု ရရှိသည့် ပြိုင်ပွဲဝင်အသင်းများကို ဆုကြေးငွေသားနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် (၂၅) နှစ်အောက် ဖူဆယ်ဘောလုံးကျား (၂၂) သင်း၊ မ (၄) သင်း၊ ပိုက်ကျော်ခြင်း (၈) သင်း၊ ကျားဘော်လီဘော (၆) သင်း စုစုပေါင်း အသင်း (၄၀) ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


