နေပြည်တော် ၁၄ သြဂုတ်
မွန်ပြည်နယ်၊ လမ်းဦးစီးဌာန၊ လမ်းအဖွဲ့များက မိုင်တိုင် (၁၁၂/ဝ မှ ၁၁၅/၄)အတွင်း မလွဲတောင် အပိုင်းရှိ တောင်ပြိုမြေများအား သြဂုတ် ၁၃ ရက် တွင် ရှင်းလင်းဖယ်ရှားပြီး ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းသားပြတ်တောက်နေသော ထားဝယ်မှ ၈၀/၂ မိုင် အကွာ အထိ တောင်ပြိုလမ်းများအား မွန်ပြည်နယ်၊ လမ်းဦးစီးဌာန ကဖယ်ရှားရှင်းလင်းမည် ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး မလွဲတာင် - ထားဝယ် လမ်းပိုင်းတွင် တောင်ပြိုမြေ ဖယ်ရှားရှင်းလင်းခြင်းကို ယနေ့ပြီးစီးနိုင်ရေး လမ်းအထူးအဖွဲ့ (၂၃) က နေ့/ညမပြတ် ဆောင်ရွက်လျက် ရှိသည်။
ကားငယ်များ ဖြတ်သန်းသွားလာနိုင်မည့် ဘေလီတံတားထိုးခြင်း လုပ်ငန်းကို သြဂုတ် ၁၆ ရက်တွင် ပြီးစီးနိုင်ရေးအတွက် တံတားအထူးအဖွဲ့နှင့် လမ်းအထူးအဖွဲ့များက ကြိုးစားဆောင်ရွက်လျက် ရှိသည်။
အလားတူ ကုန်ကားကြီးများ ဖြတ်သန်းသွားနိုင်ရန်အတွက် သြဂုတ် ၁၈ ရက်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
MDN


