အောင်လံ  ၁၄   ဩဂုတ် 


အောင်လံမြို့၌  မြို့နယ်ပညာရေးနှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့်၊    ကျန်းမာရေးအဆင့်မြှင့်ကျောင်းများထူထောင်ရေးသင်တန်းများကို  အပတ်စဉ်ပို့ချလျှက်ရှိရာ၊ မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းများ ထူထောင်ရေး (တတိယပတ်)သင်တန်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးဆင့်ပွားသင်တန်းကို  ယနေ့နံနက် အ.ထ.က(၁) ရွှေရတုခန်းမတွင်   ဖွင့်လှစ်ပို့ချခဲ့သည်။  


သင်တန်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး၊   မြို့နယ်ကုသရေးဆရာဝန်ကြီး ဒေါက်တာမျိုးလွင်၊ ပြည်ကြီးခင်လူမှုရေးအသင်းမှ ဒေါက်တာသိန်းထိုက်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာဝန်များက HIV/AIDS နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ မျိုးဆက်ပွား/သားဆက်ခြားအကြောင်းအရာများနှင့် သွားနှင့်ခံတွင်းကျန်းမာရေး အကြောင်းအရာများကို သင်ကြားပို့ချကြပြီး၊  ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(EIM)အဖွဲ့ကလည်း ကိုယ်လက်လှုပ်ရှား ကျန်းမာရေး အစီအစဉ်များဖြင့် လက်တွေ့သင်ကြားပို့ချခဲ့ကြသည်။
    

ယင်းသင်တန်းကို မြို့နယ်အတွင်း၌ အခြေခံကျောင်း(၂၅၇)ကျောင်းရှိရာ အပတ်စဉ်တစ်ခုအတွက်  ကျောင်း(၅၀)မှ  တစ်ကျောင်းလျှင် နှစ်ဦးနှုန်းဖြင့် သင်ကြားပို့ချဖြင်းဖြစ်ပြီး ယခုတတိယပတ်တွင် ဆရာ ဆရာမ (၁၀၃)ဦး တက်ရောက်ကြကြောင်း သိရသည်။ 


သိန်းလွင်(အောင်လံ)