လောင်းလုံး ၁၄ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် သြဂုတ် ၁၀ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြိုကျ၍ ကျောက်နီမော်ကျေးရွာ မှ မြတ်ရှင်မော်ဘုရားကားလမ်းပေါ်တွင် မြေသားများဖုံးလွှမ်းလျက်ရှိပြီး ယာဉ်များဖြတ်သန်းသွားလာ၍ မရဖြစ်ခဲ့သည်။
ယနေ့ နံနက် ၁၁နာရီထိ ကျောက်နီမော်ကျေးရွာ မှ ကြက်လွှတ်ကျေးရွာအထိ (၁၀)မိုင်(၂)ဖာလုံခန့် ကားလမ်းမပေါ်တွင် ပိတ်နေသော မြေသားများအား ဖယ်ရှားရှင်းလင်းပြီးဖြစ်၍ ယာဉ်များ၊ မော်တော်ဆိုင်ကယ် များဖြတ်သန်းသွားလာနိုင်ခဲ့ပြီး ကြက်လွှတ်ကျေးရွာမှ မြတ်ရှင်မော်ဘုရားအထိ(၂ ) မိုင် နီးပါး ဆက်၍ မြေသားများ ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။
လောင်းလုံး(ပြန်/ဆက်)


