၁၄ ဩဂုတ်
အားကောင်းသော အပူပိုင်းမုန်တိုင်း ခရိုဆာသည် ဂျပန်နိုင်ငံအနောက်ပိုင်းသို့ နီးကပ်လာပြီ ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ ပြည်တွင်းလေကြောင်းလိုင်း ၂၂၂ ခုကို ယာယီ ရပ်နားထားခဲ့ကြောင်း ဒီကနေ့မနက်ပိုင်းက အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ရပ်နားထားသော လေကြောင်းလိုင်းအများစုမှာ ကျူးရှူးမြို့သို့ ဝင်ရောက်မည့် လေယာဉ်ခရီးစဉ်များနှင့် ယင်းမြို့မှ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များဖြစ်ပြီး ဒေသ စံတော်ချိန် နံနက် ၅ နာရီခန့်မှ စတင်ရပ်နားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများက လေကြောင်းလိုင်းများကို ယခုထက်ပိုမို ရပ်နားနိုင်ကြောင်းနှင့် ခရီးသည်များ အနေနှင့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် လေကြောင်းလိုင်းများ၏ ဝက်ဆိုက်ဘ်များကို ဝင်ရောက်ကြည့်ရှုကြရန် အကြံပြုထားကြောင်း သိရသည်။
အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်