၁၄ ဩဂုတ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုနှင့် တရုတ်ထိပ်တန်း သံတမန် ယန်ဂျီချီတို့သည် ဟောင်ကောင် အရေးအပါအဝင် တခြားသော အရေးကိစ္စများကို နယူးယောက်တွင် တွေ့ဆုံပြီး ဆွေးနွေးသွားဖွယ်ရှိကြောင်း အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ပြောကြား ချက်အရ နှစ်နိုင်ငံသည် နယူးယောက်တွင် လာမည့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသော်လည်း အသေးစိတ် သိရှိရခြင်း မရှိပေ။
တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တာဝန်ယူအာမခံချက်ပေးနိုင်သည့် ဟောင်ကောင်၏ အခြေခံဉပဒေတို့ကို တရုတ်နိုင်ငံအနေနှင့် ပြန်လည်သုံးသပ်ရန် အမေရိကန်ပြည်ထောင်စုက တောင်းဆိုထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက အန်အိတ်ချ်ကေသတင်းဌာနကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက အကြမ်းဖက်မှုများကို ပြစ်တင်ဝေဖန်ထားကြပြီး နှစ်ဉီးနှစ်ဖက် လုံး သည်းခံကြရန် တိုက်တွန်းထားခဲ့သည်။
ထို့အပြင် ဟောင်ကောင်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဝါရှင်တန်အနေဖြင့် အခိုင်အမာ ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။
ယန်အနေနှင့်လည်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားဖွယ်ရှိသည်။ ဝါရှင်တန်အနေနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အမေရိကန် နိုင်ငံရေးသမားများအနေနှင့် ဟောင်ကောင် ဆန္ဒပြသူများကို အားပေးအားမြှောက် မပြုလုပ်ရန် တရုတ်အစိုးက တောင်းဆိုထားသည်။
ကုန်သွယ်ရေးကိစ္စများနှင့် ပဋိပက္ခဖြစ်နေသော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြား တွင် ဟောင်ကောင်အရေးအပေါ်ထားရှိသည့် အမြင်သည် သဘောထားကွဲလွဲမှု အသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်