၁၄ သြဂုတ် 

အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားထားတဲ့ ကတ်ရှ်မီးယားဒေသမှာ ထုတ်ပြန်ထားတဲ့ ကာဖျူးအုပ်ချုပ်ရေးကို လွတ်လပ်ရေးနေ့ဖြစ်တဲ့ ကြာသပတေးနေ့ နောက်ပိုင်းမှာ ရုပ်သိမ်းသွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် တယ်လီဖုန်းဆက်သွယ်ရေး နဲ့ အင်တာနက် ဆက်သွယ်ရေးတွေကတော့ ဆက်လက်ပြီး ပြတ်တောက်နေမှာဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးမှူး ဆက်ယာပါမာလီခ် က သူတို့အနေနဲ့ ရန်သူကိုလက်နက် မပေးချင်ဘူး။ အားလုံးတည်ငြိမ်သွားရင်တော့ ဆက်သွယ်ရေးလိုင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးသွားမယ်။ အဲဒီအတွက် တစ်ပတ် ၁၀ ရက် ကြာနိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ကတ်ရှ်မီးယားရဲ့ အဓိကမြို့တော် ရှရီနာဂါ နဲ့ တခြားမြို့များဆီကို စစ်သားအရေအတွက် ထောင်ချီပြီး ပို့ဆောင်ထားသလို သံဆူးကြိုးနဲ့ အတာအဆီးတွေ ပိတ်ပင်ထားပါတယ်။ အခုလို လုပ်ဆောင်ထားတာဟာ ဆန္ဒပြပွဲတွေ မရှိအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ 

ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ ဗလီတက်အပြီးမှာ လူ ပေါင်း ၈၀ဝ၀ နီးပါးပါဝင်တဲ့ ဆန္ဒပြပွဲဖြစ်ခဲ့တဲ့အတွက်  လုံခြုံရေးတွေက မျက်ရည်ယိုဗုံးခွဲပြီး ဖြိုခွဲခဲ့ပါတယ်။ 

လာမယ့် ကြာသပတေးနေ့ဟာ ဗြိတိသျှကိုလိုနီလက်အောက်က အိန္ဒိယနိုင်ငံဟာ လွတ်မြောက်တဲ့ ၇၂ နှစ်ပြည့် နေ့ဖြစ်ပါယ်။ 

MDN
ကိုးကား - AFP