နေပြည်တော် ၁၄ ဩဂုတ်
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းသည် Access to Health Fund Manager of United Nations Office for Project Services (UNOPS) အဖွဲ့မှ Fund Director Mr.OrenGinzburg နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် (UNOPS) အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း တန်းတူညီမျှကျန်းမာရေး စောင့်ရှောက်မှုရရှိရန် ကူညီဆောင်ရွက်နေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ အမျိုးသားအဆင့် ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
သတင်းစဉ်


