နေပြည်တော် ၁၄ ဩဂုတ် 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Dr. Luan Thuy Duong အားနေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မီးပြနှင့် ပရီပဲရစ်ကျွန်းအကြား ပင်လယ်ပြင်၌ မတော်တဆနစ်မြုပ်ခဲ့သော Oil Rig Platform “Sea Hawk” အား ဆွဲယူလာသည့် တွဲဆွဲသင်္ဘော TC Dragon နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ ကူညီဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်