နေပြည်တော် ၁၄ သြဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Saurabh Kumar နှင့်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် UID System ကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံနယ်စပ် ဝင်ပေါက်ဖြစ်သည့် တမူး-မိုးရေးတွင် International Gate ဖွင့်လှစ်ဆောင်ရွက်မှု၊ အိန္ဒိယနိုင်ငံမှ ထုတ်ပေးထားသည့် OCI ပတ်စပို့ ဗီဇာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရေး အတွက်လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရသော အခက်အခဲများနှင့်အခြေအနေများကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ တဆင့်ဆက်သွယ် ဆောင်ရွက်သွားနိုင်ရေးကိစ္စနှင့် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


