ပုဂံ  ၁၅   ဩဂုတ် 


သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့၊ လောကနန္ဒာကျောင်းတိုက်နှင့် အနီးဝန်းကျင်တွင် ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


ပုဂံမြို့၊ လောကနန္ဒာစာသင်တိုက်အတွင်းရှိ စာသင်ကျောင်းဆောင်များနှင့် သာဿနိကအဆောက်အဦများ အတွင်း၌ သက်ကြီးကောင် ခြင်နိုင်ဆေးမှုတ်ခြင်း၊ ခြင်နှင့် တုပ်ကွေးရောဂါဖြစ်ပွားစေနိုင်သော ပိုးမွှားများ ခိုအောင်းတတ်သည့် ရေဝပ်အိုင်များ၊ သစ်ခေါင်း၊ ကျောက်ခေါင်းနှင့် စွန့်ပစ်ပစ္စည်းများအား Abate ဆေးများ ခပ်ထည့်ခြင်း၊ သောက်ရေအိုး၊ ဘုရားပန်းအိုး စသည့် အမြဲမပြတ်ရေနှင့်ထိစပ်ရသည့် နေရာများအား ဖုံးအုပ်ခြင်း၊ ရေသွန်ခြင်း၊ ရေသစ်လှဲလှယ်ခြင်းနှင့် ရေစစ်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ညောင်ဦးခရိုင် ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ငှက်ဖျားအင်စပက်တော် ဦးထန်းလျန်ထံမှ သိရသည်။


ဆေးမှုတ် ဆေးခပ်ခြင်းလုပ်ငန်းများကို လောကနန္ဒာစွယ်တော်မြတ် ဘုရားပွဲတော်ကာလအတွင်း ပွဲတော်သို့ လာရောက်လည်ပတ်သူများ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ဖေလိန်း(ပုဂံ)