ငပုတော  ၁၅    ဩဂုတ် 


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ငပုတောမြို့ကြား ဆက်သွယ်ထားသည့် ပုသိမ်-ငပုတော ကားလမ်း တံတားအမှတ် ၁/၁၅ မှာ ကြံ့ခိုင်မှုအားနည်း၍ တံတားအသစ် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ ဘိုးပိုင်တူးခြင်း လုပ်ငန်းများကို စတင်လုပ်ကိုင်လျက်ရှိကြောင်း လမ်းဦးစီးဌာထံမှ သိရသည်။


အသစ်ပြန်လည် တည်ဆောက်မည့် တံတားအမျိုးအစားမှာ RC ဘိုးပိုင်အုတ်မြစ်ဖြစ်ပြီး တံတား၏ အကျယ်မှာ ၂၄ ပေနှင့် အရှည် ပေ ၃၀ ရှိမည်ဖြစ်ကာ တံတားအသစ် ပြန်လည်တည်ဆောက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ ကျပ်သန်း ၁၀၈ သန်း လျာထားသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။


တံတားအသစ် ပြန်လည်တည်ဆောက်နေစဉ် ကာလအတွင်း မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ၊ ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန်အတွက် ဩဂုတ် ၅ ရက်မှစပြီး အသစ်ပြန်လည် တည်ဆောက်မည့် တံတားသစ်ဘေး၌ ဘေလီတံတား လမ်းလွှဲတစ်ခုကို ပြုလုပ်ပေးထားကြောင်း သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)