နေပြည်တော် ၁၅ သြဂုတ်
အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးမြန်းခဲ့သည့် မေးခွန်းများအနက် အတည်ပြုခဲ့သည့် အဆို၊ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား ကော်မတီအဖွဲ့ဝင်များက မေးမြန်းဆွေးနွေး၍ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
အစည်းအဝေးသို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


