စစ်တွေ ၁၅ သြဂုတ်


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် သဘာဝဘေး အရေးပေါ်အခြေအနေ တုန့်ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ မင်းသူရိယခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် လူမူရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် ဦးစီးမှူးက အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂) ရက် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သတင်းရရှိပါသည်။


MDN