လောင်းလုံး ၁၄ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် (၁၀) ရက်က တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်များပြိုကျ ပျက်စီးခဲ့၍ အောက်ကျောက်ဝပ် ကျေးရွာရှိ ဘုန်းတော်ကြီး (တောင်) ကျောင်းသို့ ပြောင်းရွှေ့ထားရှိသည့် ထောင့်နန်းကျေးရွာ ပြည်သူများအတွက် သြဂုတ် (၁၄) ရက်က အလှူရှင်များက စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခေါက်ဆွဲထုပ် ၂ ပုံး၊ ငါးသေတ္တာ (၂) ကတ်၊ ကြက်သွန်နီ အိတ်ငယ် (၂) အိတ်၊ ကြက်ဥ (၁) ကတ်၊ အချိုမှုန့်ကြီး (၁၀) ထုပ်၊ ဟင်းသီးဟင်းရွက် အိတ် (၂) ထုပ်၊ ဒေါ်ခင်ကြည် ဖောင်းဒေးရှင်းမှ ဒေါ်စုလှိုင်ထွေးက ဆန် (၁၂) ပြည်အိတ် (၂) အိတ်၊ စားဆီ (၂လီတာ) ဝင် (၁)ဖာ၊ ရေသန့်ဗူးကြီး ဆာလာအိတ် (၁) အိတ်၊ မာမား (၁၀) ဖာ၊ ငါးသေတ္တာ (၁) ဖာ၊ ခေါက်ဆွဲ (၁) ပုံး၊ ကြက်ဥ (၁၀) ကတ်၊ နို့ဆီဗူး (၁) ဖာ၊ ဒေါ်မြင့်ပိုမိသားစု၊ ကျောက်ဝပ်ပြင်ကျေးရွာ မှ ဆန် (၁၂) ပြည်အိတ် (၇) အိတ်၊ ရေသန့် (၅) ကတ်၊ ဒေါ်ခင်စန်းရီ ညင်းမော်ကျေးရွာနှင့်အဖွဲ့မှ ဆန် (၂၈) ပြည်၊ မာမား (၄) ဖာ၊ ကော်ဖီမစ်ထုပ်ကြီး (၂)ထုပ်၊ မုန့်မျိုးစုံ (ကျန်ကျောင်းအိတ်) ဖြင့် (၂)ထုပ်၊ အဝတ်အစား (၁) အိတ်၊ ဆပ်ပြာ(၁၄)တုံး၊ ခေါက်ဆွဲ(၁၀)ထုပ်၊ ထမီ(၁၄)ထည်၊ ခြင်ထောင် (၅)လုံး၊ ငါးသေတ္တာ(၂)ကတ်၊ ကိုဝင်းထွန်း သူငယ်ချင်းများ (ထားဝယ်)မှ ကြက်ဥ (၄) တ်၊ စားဆီ (၃) ဖာ၊ ရေသန့် (၁၀) ကတ်၊ နို့ဆီဗူး (၁) ဖာ၊ ငါးသေတ္တာ (၁) ဖာ၊  မာမား (၆) ဖာ၊ ဆား (၁) အိတ်၊ ခေါက်ဆွဲ (၃) ပုံး၊ မုန့်မျိုးစုံ (၄၀) ထုပ်၊ ဆန် (၁၂) ပြည်အိတ် (၂၀) အိတ်၊ ရေသန့် (၁) အိတ်၊ မာမား (၂၀) ဖာ၊ စေတနာရှင်အမည်မဖော်သူမှ ဆန် (၂၄) ပြည် အိတ် (၇) အိတ်၊ မာမား (၃) ဖာ၊ ပစ္စည်းစုံပါသည့် ကျန်ကျောင်းအိတ် (၁) အိတ်၊ အချိုရည် (၁၀) ဗူး၊ ဆီသန့် (၁) ဖာ၊ စားဆီပုံးငယ် (၁) ပုံး၊ ထားဝယ်တက္ကသိုလ် ကျောင်းသား/သူများမှ အချိုရည် (၂၀) ကတ်၊ အာဟာရမုန့် (ကျန်ကျောင်း) အိတ် (၁) ထုပ်၊ ငွေ (၃) သောင်းကျပ်တို့ကို လှူဒါန်းပေးအပ်ကြရာ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ထိုသို့ လှူဒါန်းထားသော ထောက်ပံ့ပစ္စည်းများကို သဘာဝဘေးသင့် ပြည်သူ (၂၅၂) ဦးတို့အား တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လောင်းလုံး(ပြန်/ ဆက်)

mdn