၁၅ သြဂုတ်
ဟောင်ကောင်နယ်စပ်တွင်ထောင်ချီတဲ့ တရုတ်စစ်သားတွေ အနီရောင်အလံများ ဝှေ့ယမ်းပြီး ဒီကနေ့ (ကြာသပတေးနေ့) မှာ စစ်ရေးပြနေတာကို မြင်ခဲ့ကြောင်း AFP သတင်းထောက်က ပြောပြပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့ ရှန်ဆန်းဒေသရှိ အားကစားရုံအတွင်းမှာ တင့်ကားများရပ်ထားတာကိုလည်း တွေ့ရတဲ့အတွက် သီတင်းပတ် ၁၀ အတွင်း ရောက်ရှိလာပြီဖြစ်တဲ့ ဟောင်ကောင်က ဆန္ဒပြပွဲတွေကို ပြီးဆုံးအောင် တရုတ်က ကြားဝင်ဖြေရှင်းမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။
တရုတ်အစိုးရပိုင်သတင်းဌာနကလည်း ဒီသီတင်းပတ်အတွင်းမှာ “ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ လုံထိန်း (PAP) ဟာ ဗဟိုစစ်ရေးဆိုင်ရာကော်မရှင်ရဲ့ အမိန့်ပေးမှုအောက်မှာ ရှိနေတယ်။ (PAP)ဟာ ရှန်ဆန်းဒေသမှာ ရှိနေတယ်” လို့ ကြေငြာသွားပါတယ်။
အားကစားရုံအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တွေ့ရပြီး အားကစားရုံရဲ့ အပြင်မှာ တင်ကားတွေနဲ့ ဆယ်ချီတဲ့ စစ်ကားတွေရပ်တန့်ထားတာ ကို တွေ့ရပါတယ်။
တရုတ်အစိုးရပိုင် The Global Times သတင်းစာတွင် ရှန်ဆန်းမှာ စစ်တပ်တွေရှိနေတာက ဟောင်ကောင်ကို ကြားဝင်ဖြေရှင်းရန်ဖြစ်တယ်။ အခုလို စိုးရိမ်ရတဲ့အခြေနေကို နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးနေမယ်ဆိုရင် တရုတ်အစိုးရအနေ ဟောင်ကောင်ကို အချိန်မရွေးဝင်ရောက်မယ်လို့ သတင်းစာအာဘော်မှာ အယ်ဒီတာချုပ်က ရေးသားထား ပါတယ်။
၁၉၉၇ ခုနှစ်က ဗြိတိသျှလက်အောက်ကနေ ဟောင်ကောင်ကို တရုတ်အစိုးရဆီ လွဲပြောင်းပေးပြီးကတည်း ဟောင်ကောင်ဟာ တစ်နိုင်ငံတည်းလက်အောက်မှာ စနစ်နှစ်မျိုးနဲ့ အုပ်ချုပ်နေခဲ့ပါတယ်။ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးထက် လွတ်လပ်မှုတွေ ပိုရှိနေပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေက ဟောင်ကောင်ရဲ့ လွတ်လပ်မှုမှာ တရုတ်ပြည်မကြီးရဲ့ ကြားဝင်မှုတွေ ပိုပြီး ကြီးမားလာတယ်လို့ ပြောပါတယ်။
MDN
ကိုးကား - AFP