၁၄ သြဂုတ်

ရုရှားသမ္မတဟောင်း ဘောရစ်ရယ်ဆင်ဟာ သူ့ရဲ့လေးယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ဗလာဒီမာ ပူတင် ကို  ၁၈ လ အတွင်းမှာ တင်မြှောက်ခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး ပူတင်ဟာ ကမ္ဘာ့ရေးရာများမှာ လွှမ်းမိုးမှုရှိပြီး ရုရှားနိုင်ငံကို ဆက်လက်အုပ်ချုပ်လာခဲ့တာ ပြီးခဲ့တဲ့ သောကြာနေ့က နှစ်ပေါင်း ၂၀ တိတိ ပြည့်မြောက်ခဲ့ဖြစ်ပါတယ်။

အသက် ၆၆ နှစ်အရွယ် ပူတင်ဟာ အထူးသဖြင့် အနောက်နိုင်ငံခေါင်းဆောင်တွေကြားမှာ ထိပ်တန်းမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်းမှာ မော်စကိုတွင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ရာ ဖြိုခွဲခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ၂၀၁၂ ခုနှစ်က ပူတင် ဝန်ကြီးချုပ်ဖြစ် နောက်တစ်ကြိမ် တာဝန်ယူပြီးနောက် အကြီးဆုံးသော ဆန္ဒပြပွဲဖြစ်ပါတယ်။

 

mdn

 

 

mdn

 

 ရုရှားရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ပူတင်က အုပ်ချုပ်ရေးတွင် ပါဝင်နိုင်ခွင့် နောက်ဆုံးသက်တမ်း ဖြစ်ပေမယ့် အစားထိုးမယ့် လူပုဂ္ဂိုလ် တစ်ဦးမှ ထင်ထင်ရှားရှား မတွေ့ရသေးပါဘူး။

ပူတင်ရဲ့ သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဂျိုးဆက်စတာလင် ပြီးနောက် သက်တမ်းအရှည်းဆုံး အုပ်ချုပ်ရေးတာဝန်ယူသူဖြစ်ရာ ပူတင်ဟာ အာဏာကို စွန့်လွှတ်မယ့်ပုံ မရှိသေးဘူးလို့ သုတေသီတွေက ပြောပါတယ်။

ရှရှားနိုင်ငံသားတွေရဲ့ သဘောထားအမြင်များကတော့  ပူတင်ဟာ သူတို့ရဲ့ သမ္မတ အစစ်မှန်ဖြစ်တယ်လို့ ပြောတဲ့သူရှိသလို ပူတင်လက်ထက်မှာ အကောင်းနဲ့ အဆိုးတွေ ဖြစ်ခဲ့ပေမယ့် အသစ်တစ်ယောက်ကို လိုချင်ကြောင်း ပြောသူလည်း ရှိနေတာကို တွေ့ရပါတယ်။ နောက်ထပ် ရှရှားနိုင်ငံသား တစ်ယောက်ကတော့ ပူတင်က အာဏာကို မတရား ဆုတ်ကိုင်ထားတာသာဖြစ်တယ်။ သူတို့လုပ်ချင်သလို လုပ်နေတယ်။ ရုရှားပြည်သူတွေက ဆိုဗီယက်အစိုးရကို အလွန်အမင်း ကြောက်ရကြောင်း၊ အချိန်တော်တော်ကြာကြာ ကြောက်နေရဆဲဖြစ်ကြောင်း ပြောသူလည်း ရှိနေပါတယ်။

 

mdn

 

၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ  ရယ်ဆင် နှုတ်ထွက်ခဲ့ပြီး သမ္မတ ရွေးကောက်ပွဲမှာ ပူတင် အနိုင်ရရှိခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ရာဇဝတ်မှုတွေ ရှိနေပေမယ့် ရုရှားဟာ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ရှိနေဆဲပါ။ ပူတင်ဟာ နှစ် ၂၀ ကြာ အာဏာယူအပြီးမှာ သူ့ရဲ့ တာဝန်ယူချိန်ကို ကန့်သတ်မှု မရှိသေးဘဲ ဆူလတန် တစ်ပါးလို ကျင့်သုံးဖို့ လုပ်ဆောင်နေကြောင်း ပူတင် ကရင်မလင်ကို စတင်တာဝန်ယူချိန်က ပူတင်ကို မကြာခဏ အင်တာဗျူးခွင့်ရသူ နာမည်ကြီး သတင်းထောက် နီကိုလိုင် ဆာဗန်နီဒေ့က ပြောပါတယ်။

MDN

ကိုးကား -AFP