မိုင်းဖြတ် ၁၅ သြဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်သည် ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ၊ ကချင်တိုင်းရင်းသားတို့ အများစု နေထိုင်ရာ ဒေသတစ်ခုဖြစ်သည်နှင့်အညီ အဆိုပါတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် တိုင်းရင်းသား စာပေနှင့်ရိုးရာ ယဉ်ကျေးမှုများ၊ ဝတ်စားဆင်ယင်မှုများ၊ အသုံးအဆောင်ပစ္စည်းများကို မိုင်းဖြတ်မြို့ ပြတိုက်ငယ် (Museum) တွင် မှတ်တမ်းပြုထားရှိနိုင်ရေးအတွက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ဆွေနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြတိုက်ငယ်(Museum)ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းပြောကြားခဲ့သည်။ 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကော်မတီဝင်များက မိမိတို့ တို့ရိုးရာယဉ်ကျေးမ ဓလေ့များနှင့် စပ်စပ်လျဉ်းပြီး အသီးသီး ပါဝင်ဆွေနွေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွတ်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပြတိုက်ငယ် (Museum) ဆောင်ရွက်ထားရှိမှုနှင့် စာအုပ်စာဆောင်များ ခင်းကျင်းပြသထားရှိမှုများကို လေ့လားကြည့်ရှုခဲ့ကြောင်း သိရသည်။

 သန်းထွန်းအေး(ပြန်/ဆက်)