ရန်ကုန် ၁၅ သြဂုတ်

သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ (တောင်ပိုင်းဇုန်)၏ မေတ္တာနှောင်ကြိုးပွဲတော် အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရှရီဘူသ်နားသ် မဟာဒေ့ဗ်ဘုရားကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မေတ္တာနှောင်ကြိုးပွဲတော်ကို အခမ်းအနားအစီအစဉ်အတိုင်း ဖွင့်လှစ်ပေးပြီး အတွင်းရေးမှူး ဦးစောနိုင်က အခမ်းအနား သဘာပတိနှင့် အထူးဧည့်သည်တော်များအား မိတ်ဆက်ပေးကာ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ရှရီဗွီမိုဟန်ရတ်ဒီက အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ခံဂေါပက ဦးသောင်းထိုက်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးကောင်စစ်ဝန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနန္ဒနှင့် တာဝန်ရှိသူတို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဟိန္ဒူဓမ္မသင်ကြားပို့ချရေး ဗဟိုကော်မတီ အတွင်းရေးမှူး ရှရီပန်းကျ်ဒေးဝ်ဆင်း (ခ) ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် အသင်းသားအသင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ 

သတင်းစဉ်