နေပြည်တော် ၁၅ သြဂုတ်
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုကဲ့သို့ လာရောက်လှူဒါန်းကြရာတွင် ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူငွေကျပ် သိန်း (၃၀)၊ GBG Industry Co;Ltd က အလှူငွေကျပ် သိန်း (၃၀)၊ မြန်မာပိတောက် ကုမ္ပဏီနှင့် ဝန်ထမ်းမိသားစုတို့က အလှူငွေကျပ် သိန်း (၁၅၀) ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


