တီးတိန်  ၁၅   သြဂုတ်

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန် ကားလမ်း မိုင်တိုင်အမှတ်(၂၄)အနီးတွင် သြဂုတ် ၁၅ ရက် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ယာဉ်တစ်စီးချောက်ထဲထိုးကျကြောင်း သိရသည်။

ဖြစ်စဉ်မှာ တီးတိန်မြို့နယ် မွာလ်ဘင်းကျေးရွာ ဒင်ဆွေဲဇမ်း မောင်းနှင်သည့် ဂျစ်ကားယာဉ်ပေါ်တွင် တစ်ရွာတည်းအတူနေ လန့်ရှန်းမွောင်၊ ဒွန်ဇမ်းကိမ်၊ ငွေခန့်ဝုန်၊ ဇမ်းရှန်းခိုင်၊ နန်ဒိတ်ခမ်၊ ဒေါ်ဟောက်ခန့်မန်တို့ လိုက်ပါ၍ ကလေးမြို့သို့ ဈေးဝယ်လာစဉ် ထေးဇန် ကော်ဖီစိုက်ခြံအလွန် မိုင်တိုင်(၂၄)နှင့်(၂၅)ကြား တောင်အဆင်းလမ်းအကွေ့တွင် လမ်း၏ ယာဘက်ချောက်အတွင်းသို့ ထိုးဆင်းသွားကြောင်း သိရသည်။

ယာဉ်ချောက်အတွင်း ထိုးကျမှုကြောင့် ဒေါ်ဟောက်ခန့်မန်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် ကျန်ယာဉ်ပေါ်လိုက်ပါသူများ ဒဏ်ရာအသီးသီးရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဒင်ဆွေဲဇမ်းအား အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN