ကလေး ၁၅ သြဂုတ်
ချင်းပြည်နယ် ကလေး - ဖလမ်း - ဟားခါးလမ်း မိုင်တိုင် (၁၀၃/၂ -၁၀၃/၃) ကြားတွင်ယနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် တောင်ပြို လမ်းပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ပြိုလမ်းပိတ်ဆို့မှုဖြစ်ပွားရာနေရာသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ လမ်းဦးစီးဌာနမှ စက်ယန္တရားကြီးများဖြင့် တောင်ပြိုမြေများအားညတွင်းချင်း ဖယ်ရှားလျက်ရှိကြောင်း သိရသည်။
MDN




