နေပြည်တော်  ၁၆ ဩဂုတ်  


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ထုတ်ဝေလျက်ရှိသည့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆)၊ အမှတ် (၁၆)ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။

 

1

 


ယခုအပတ် ဒို့ကျေးရွာဂျာနယ်တွင် "တောင်သူဘဝမြင့်မားဖို့ ဝါသီးနှံစိုက်ပျိုးစို့၊ စိုက်ပျိုးရေးနဲ့ ရာသီဥတု ဖောက်ပြန်မှု၊ ပြည်ပဝယ်လက်နိုင်ငံများရဲ့နှစ်ခြိုက်မှုအထာနဲ့  ကိုက်ညီအောင်  မြန်မာ့ပို့ကုန်သီးနှံများ  ဦးစားပေး ထုတ်လုပ်ဖို့လိုပြီ၊ စားနပ်ရိက္ခာဖူလုံစေရန် ငါးမွေးမြူရေးတိုးမြှင့်စို့၊ ကျွဲနွား လည်ချောင်းကွဲရောဂါနှင့် စနစ်တကျကာကွယ်ကုသရေး၊ ဂရုပြုစရာ ကပ်ပါးရောဂါများနှင့် ကာကွယ်ကုသခြင်းနည်းလမ်းများ၊ မျိုးရိုးလိုက်တတ်သော အသံတိတ်လူသတ်သမား၊  ဆရာကြီးလယ်တွင်းသားစောချစ်၏  ဒုတိယအရွယ် အခန်းဆက်ဝတ္ထုရှည်" အပါအဝင် အထူးဆောင်းပါး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊    ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊  သုတ/ရသ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထု၊ ကာတွန်း၊ ကျေးလက်ဟာသများ၊ အနုပညာ၊ အားကစား၊ နိုင်ငံတကာသတင်း၊ မှုခင်းသတင်းများနှင့်  မိုးလေဝသ သတင်းများကို စုံလင်စွာဖော်ပြထားပါသည်။


ဒို့ကျေးရွာဂျာနယ်ကို  တစ်စောင်လျှင်  ၂၀ဝ  ကျပ်နှုန်းဖြင့်  အမြို့မြို့အနယ်နယ်ရှိ  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် ဝယ်ယူရရှိနိုင်ပါသည်။